August 18, 2017

ခန့်မှန်းထားတာထက် စောစီးစွာ ထွက်ရှိလာနိုင်တဲ့ LG G7 စမတ်ဖုန်း

LG ဟာ မျိုးဆက်သစ် G နဲ့ V စီးရီးစမတ်ဖုန်းတွေကို ခပ်စောစော မိတ်ဆက်ဖွယ်ရှိတယ်လို့ The Investor က ဖော်ပြခဲ့ပါတယ်။

LG V30 စမတ်ဖုန်းကို ယခုနှစ် သြဂုတ်လမှာ မိတ်ဆက်ဖို့ရှိပြီး G7 ကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ မိတ်ဆက်မယ်လို့ သိရပါတယ်။

LG ဟာ Samsung ကိုယှဉ်ပြိုင်ရာမှာ အသာစီးရဖို့အတွက် စမတ်ဖုန်းသစ် မိတ်ဆက်မယ့်ရက်တွေကို ရှေ့တိုးတာဖြစ်တယ်လို့ ဆိုပါတယ်။ Samsung ကလည်း Galaxy S9 ကို စတင်ဖန်တီးနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

“အသစ်ထွက်ရှိမယ့်ဖုန်းတွေကို ဘယ်အချိန်မှာ မိတ်ဆက်မလဲဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး” လို့ LG ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

G7 နဲ့ V30 စမတ်ဖုန်းတွေမှာ OLED display ပါဝင်ဖွယ်ရှိပါတယ်။ G7 မှာ Snapdragon 845 CPU နဲ့ V30 မှာတော့ Snapdragon 836 CPU ပါဝင်လာဖွယ်ရှိတယ်လို့ The Investor ကဖော်ပြခဲ့ပါတယ်။

စိုးထက်
Ref: TechnoBuffalo