April 21, 2018

ကြန္ရက္အေထာက္အကူျပဳ လုပ္ငန္းလိုင္စင္၏ အစုရွယ္ယာအတြက္ သေဘာထားေတာင္းခံ

[ Zawgyi ]

ကြန္ရက္အေထာက္အကူျပဳ လုပ္ငန္းလိုင္စင္အစု ရွယ္ယာနဲ႔ပတ္သက္ၿပီး အမ်ားျပည္သူ သေဘာထား ေတာင္းခံထားေၾကာင္း သိရပါတယ္။

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ဆက္သြယ္ေရးညႊန္ၾကားမႈဦးစီးဌာနမွာ ကြန္ရက္အေထာက္အကူျပဳ ဝန္ေဆာင္မႈ လုပ္ငန္းလိုင္ (သာမန္) ရရွိထားတဲ့ Pan Asia Majestic Eagle Limited ရဲ႕ မူလအစုရွယ္ယာရွင္ျဖစ္တဲ့ Blue Farm Investments Limited ရဲ႕ အစုရွယ္ယာ ၁၀၀ ရာခိုင္ႏႈန္း ကို Apollo Towers Myanmar Limited ရဲ႕မူလအစုရွယ္ယာရွင္ျဖစ္တဲ့ TPG Group managed/controlled funds သို႔ လႊဲေျပာင္းေရာင္းခ်ျခင္းအတြက္ အမ်ားျပည္သူ သေဘာထားေတာင္း ခံထားတာျဖစ္ပါတယ္။ ဆက္သြယ္ေရးက႑ရဲ႕ ၿပိဳင္ဆိုင္မႈဆိုင္ရာ နည္းဥပေဒ အပိုဒ္ ၃၀ (ဃ) န႔ဲအညီ အမ်ားျပည္သူ သေဘာထား ေတာင္းခံတာျဖစ္ေၾကာင္း၊ ကန္႔ကြက္လိုသူေတြရွိပါက ၂၇.၄.၂၀၁၈ ရက္ အထိ ႐ံုးခ်ိန္အတြင္း ဆက္သြယ္ေရးၫႊန္ၾကားမႈ ဦးစီးဌာနကို ဆက္သြယ္ေပးပို႔ ကန္႔ကြက္ႏိုင္ေၾကာင္း အသိေပးေၾကာ္ျငာထားပါတယ္။ လိုင္စင္ႏွင့္စစ္ေဆးေရးဌာန ကိုလည္း ဆက္သြယ္ေပး ပို႔ကန္႔ကြက္ႏိုင္ေၾကာင္း သိရပါတယ္။

-ထြန္းထြန္း

=================

[ Unicode ]

ကွန်ရက်အထောက်အကူပြု လုပ်ငန်းလိုင်စင်၏ အစုရှယ်ယာအတွက် သဘောထားတောင်းခံ

=================

ကွန်ရက်အထောက်အကူပြု လုပ်ငန်းလိုင်စင်အစု ရှယ်ယာနဲ့ပတ်သက်ပြီး အများပြည်သူ သဘောထား တောင်းခံထားကြောင်း သိရပါတယ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှာ ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင် (သာမန်) ရရှိထားတဲ့ Pan Asia Majestic Eagle Limited ရဲ့ မူလအစုရှယ်ယာရှင်ဖြစ်တဲ့ Blue Farm Investments Limited ရဲ့ အစုရှယ်ယာ ၁၀၀ ရာခိုင်နှုန်း ကို Apollo Towers Myanmar Limited ရဲ့မူလအစုရှယ်ယာရှင်ဖြစ်တဲ့ TPG Group managed/controlled funds သို့ လွှဲပြောင်းရောင်းချခြင်းအတွက် အများပြည်သူ သဘောထားတောင်း ခံထားတာဖြစ်ပါတယ်။ ဆက်သွယ်ရေးကဏ္ဍရဲ့ ပြိုင်ဆိုင်မှုဆိုင်ရာ နည်းဥပဒေ အပိုဒ် ၃၀ (ဃ) နဲ့အညီ အများပြည်သူ သဘောထား တောင်းခံတာဖြစ်ကြောင်း၊ ကန့်ကွက်လိုသူတွေရှိပါက ၂၇.၄.၂၀၁၈ ရက် အထိ ရုံးချိန်အတွင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကို ဆက်သွယ်ပေးပို့ ကန့်ကွက်နိုင်ကြောင်း အသိပေးကြော်ငြာထားပါတယ်။ လိုင်စင်နှင့်စစ်ဆေးရေးဌာန ကိုလည်း ဆက်သွယ်ပေး ပို့ကန့်ကွက်နိုင်ကြောင်း သိရပါတယ်။

-ထွန်းထွန်း