September 26, 2017

ကွန်ပျူတာမှာ နေရာလွတ်ပိုရအောင် hiberfil.sys ကို ဘယ်လိုဖျက်မလဲ

Windows ရဲ့ System drive မှာ hiberfil.sys ဆိုတဲ့ အရွယ်အစားကြီးမားတဲ့ ဖိုင်ကို တွေ့မိတဲ့အခါမှာ အဆိုပါ ဖိုင်ကြောင့် storage အတွင်း နေရာလွတ် တွေသုံးစွဲမှု ပိုမို လျော့နည်းစေနိုင်ပါတယ်။ Hiberfil.sys ဆိုတာကတော့ Windows Operating System ကို hibernate လုပ်တဲ့အခါမှာ လုပ်လက်စ လုပ်ငန်းစဉ်တွေကို Windows ပြန်အသုံးပြုတဲ့အခါမှာ အလွယ်တကူနဲ့ ပြန်လည် သုံးစွဲနိုင်ဖို့အတွက် ဖိုင်တွေကို ထည့်သွင်းသိမ်း ဆည်းတဲ့ system file တစ်ခုဖြစ်ပါတယ်။ ဖိုင်တွေကို ထည့်သွင်းပါများလာတဲ့အခါမျိုးမှာ hiberfil.sys ဟာ ဖိုင်အရွယ်အစား ပိုမိုကြီးမားလာပါတယ်။ Hiberfil.sys ကို ဖျက်လိုသူများအနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

Hiberfil.sys ကို Windows XP မှာဖျက်မယ်ဆိုရင် Start > Control Pannel > Power Options ကိုသွားပါ။ Hibernate ဆိုတဲ့ tab ကို နှိပ်ပြီး Enable Hibernation box ဆိုတဲ့နေရာမှာ အမှန်ခြစ်ကို ဖြုတ်ပါ။ ပြီးရင် အဆိုပါ ဖိုင်ကို delete လုပ်နိုင်ပါပြီ။

Windows Vista ကနေ Windows 10 အတွက်ကတော့ Start menu button ကို နှိပ်ပါ။ CMD ဆိုတဲ့ command ကို ရိုက်ထည့်ပြီး command prompt app ကိုတွေ့ရင် right-click နှိပ်ပြီး Run as administrator ဆိုတာနဲ့ run ပါ။

Command prompt ထဲမှာ powercfg -h off ဆိုတဲ့ command ကိုရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် hibernate feature ကို disable လုပ်ပေးသွားပါလိမ့်မယ်။ လုပ်ပြီးပြီဆိုရင် hiberfil.sys ဆိုတဲ့ဖိုင်ကို ဖျက်နိုင်ပါပြီ။

တကယ်လို့ ပြန်သုံးချင်တယ်ဆိုရင် command prompt မှာ powercfg -h on ဆိုတာကို ရိုက်ထည့်လိုက်တာနဲ့ hibernate feature ကို ပြန်ပြီး enable လုပ်ပေးမှာဖြစ်ပါတယ်။