ကုမၸဏီရဲ႕ ပထမဆုံး 10nm Cannon Lake ခ်စ္ပ္ကို Intel တရားဝင္မိတ္ဆက္

[Zawgyi]

Intel ရဲ႕ 10nm ခ်စ္ပ္ေတြကို ထုတ္လုပ္မယ့္အစီအစဥ္ဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေနာက္က်ခဲ့ပါတယ္။ အဲဒီခ်စ္ပ္ေတြကုိ ၂၀၁၅ ခုႏွစ္အကုန္မွာ ထုတ္လုပ္မယ္လို႔ ေျပာခဲ့ေပမယ့္ ဘ႑ာေရးရလဒ္ေတြေၾကာင့္ ၂၀၁၉ ခုႏွစ္ အထိ ေနာက္ဆုတ္ခဲ့ပါတယ္တယ္။ အခုဆိုရင္ codename Cannon Lake လို႔ အမည္ေပးထားတဲ့ 10nm ပ႐ိုဆက္ဆာေတြကို အေျမာက္အျမားထုတ္လုပ္ဖုိ႔ အသင့္မျဖစ္ေသးေပမယ့္ တင္ပုိ႔ေရာင္းခ်ေနၿပီလုိ႔ Intel က ေျပာၾကားခဲ့ပါတယ္။

Intel က အဲဒီခ်စ္ပ္ေတြကို Lenovo IdeaPad 330 အတြက္ တင္ပို႔ခဲ့တာျဖစ္ပါတယ္။ တ႐ုတ္လက္လီအေရာင္းဆိုင္ေတြမွာ အဲဒီ Laptop ကုိစာရင္းသြင္းထားၿပီး အမည္မေဖာ္ျပထားတဲ့ Core i3-8121U ကုိ ေဖာ္ျပထားပါတယ္။ အဲဒီခ်စ္ပ္ အမွတ္တံဆိပ္ကို Kaby Lake-R, Kaby Lake-G နဲ႔ Coffee Lake ပ႐ိုဆက္ဆာေတြလိုမ်ိဳး အ႒မေျမာက္မ်ိဳးဆက္နဲ႔ ေဖာ္ျပထားပါတယ္။

Intel က Ark ဝက္ဘ္ဆိုက္မွာ ခ်စ္ပ္နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို ထုတ္ျပန္ခဲ့ပါတယ္။ 15W Cannon Lake ခ်စ္ပ္ကုိ 10nm လုပ္ငန္းစဥ္နဲ႔ တည္ေဆာက္ထားတယ္လုိ႔ Ark မွာေဖာ္ျပထားပါတယ္။ အဲဒီခ်စ္ပ္မွာ core ႏွစ္ခုအျပင္ thread ၄ ခု၊ turboost 3.2GHz နဲ႔ clock speed 2.2GHz ျမန္ႏႈန္း၊ level 3 cache နဲ႔ 4MB တို႔ ပါဝင္လာပါတယ္။

Cannon Lake အစိတ္အပုိင္းေတြမွာ LPDDR4 နဲ႔ LPDDR4X စတဲ့ memory အသစ္၂ မ်ိဳး ေထာက္ပံ့ေပးႏိုင္ပါတယ္။ ခ်စ္ပ္ဟာ memory ျမင့္မားေပမယ့္ စြမ္းအင္သုံးစြဲမႈနည္းေအာင္ ျပဳလုပ္ထားတယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ memory bandwidth ကိန္းဂဏန္းကို 34.1GB/s ကေန 41.6GB/s အထိ အဆင့္ျမႇင့္တင္ထားပါတယ္။

Cannon Lake ပ႐ိုဆက္ဆာဟာ PCle lane ေတြကို 12 ကေန 16 အထိ ေထာက္ပံ့ႏိုင္တယ္လို႔ Ark မွာေဖာ္ျပထားပါတယ္။ အဲဒီစာရင္းမွာ GPU နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတာ့ မပါဝင္လာပါဘူး။

စိုးထက္
Ref: ArsTechnica

============

[Unicode]

Intel ရဲ့ 10nm ချစ်ပ်တွေကို ထုတ်လုပ်မယ့်အစီအစဉ်ဟာ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျခဲ့ပါတယ်။ အဲဒီချစ်ပ်တွေကို ၂၀၁၅ ခုနှစ်အကုန်မှာ ထုတ်လုပ်မယ်လို့ ပြောခဲ့ပေမယ့် ဘဏ္ဍာရေးရလဒ်တွေကြောင့် ၂၀၁၉ ခုနှစ် အထိ နောက်ဆုတ်ခဲ့ပါတယ်တယ်။ အခုဆိုရင် codename Cannon Lake လို့ အမည်ပေးထားတဲ့ 10nm ပရိုဆက်ဆာတွေကို အမြောက်အမြားထုတ်လုပ်ဖို့ အသင့်မဖြစ်သေးပေမယ့် တင်ပို့ရောင်းချနေပြီလို့ Intel က ပြောကြားခဲ့ပါတယ်။

Intel က အဲဒီချစ်ပ်တွေကို Lenovo IdeaPad 330 အတွက် တင်ပို့ခဲ့တာဖြစ်ပါတယ်။ တရုတ်လက်လီအရောင်းဆိုင်တွေမှာ အဲဒီ Laptop ကိုစာရင်းသွင်းထားပြီး အမည်မဖော်ပြထားတဲ့ Core i3-8121U ကို ဖော်ပြထားပါတယ်။ အဲဒီချစ်ပ် အမှတ်တံဆိပ်ကို Kaby Lake-R, Kaby Lake-G နဲ့ Coffee Lake ပရိုဆက်ဆာတွေလိုမျိုး အဋ္ဌမမြောက်မျိုးဆက်နဲ့ ဖော်ပြထားပါတယ်။

Intel က Ark ဝက်ဘ်ဆိုက်မှာ ချစ်ပ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ 15W Cannon Lake ချစ်ပ်ကို 10nm လုပ်ငန်းစဉ်နဲ့ တည်ဆောက်ထားတယ်လို့ Ark မှာဖော်ပြထားပါတယ်။ အဲဒီချစ်ပ်မှာ core နှစ်ခုအပြင် thread ၄ ခု၊ turboost 3.2GHz နဲ့ clock speed 2.2GHz မြန်နှုန်း၊ level 3 cache နဲ့ 4MB တို့ ပါဝင်လာပါတယ်။

Cannon Lake အစိတ်အပိုင်းတွေမှာ LPDDR4 နဲ့ LPDDR4X စတဲ့ memory အသစ်၂ မျိုး ထောက်ပံ့ပေးနိုင်ပါတယ်။ ချစ်ပ်ဟာ memory မြင့်မားပေမယ့် စွမ်းအင်သုံးစွဲမှုနည်းအောင် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် memory bandwidth ကိန်းဂဏန်းကို 34.1GB/s ကနေ 41.6GB/s အထိ အဆင့်မြှင့်တင်ထားပါတယ်။

Cannon Lake ပရိုဆက်ဆာဟာ PCle lane တွေကို 12 ကနေ 16 အထိ ထောက်ပံ့နိုင်တယ်လို့ Ark မှာဖော်ပြထားပါတယ်။ အဲဒီစာရင်းမှာ GPU နဲ့ပတ်သက်တဲ့ အချက်အလက်တော့ မပါဝင်လာပါဘူး။

စိုးထက်
Ref: ArsTechnica