July 15, 2018

ကုဗပံုၿဂိဳဟ္တုမ်ားျဖင့္ အာကာသအေပၚ အသံုးခ်ျခင္း

[ Zawgyi ]

မုိက္ခ႐ိုၿဂိဳဟ္တုမ်ားအေၾကာင္းႏွင့္ ပတ္သက္၍ေျပာမည္ဆိုလွ်င္ ပထမဆံုးၿဂိဳဟ္တုအျဖစ္ လႊတ္တင္ခဲ့ေသာ Sputnik-1 သည္လည္း အက်ံဳးဝင္ေပလိမ့္မည္။ အဆိုပါၿဂိဳဟ္တု လႊတ္တင္ခဲ့သည့္အခ်ိန္မွစၿပီး ႏွစ္ေပါင္း ၆၀ ေက်ာ္ကာလအတြင္း ႏိုင္ငံအသီးသီးသည္ တိုးတက္ထြန္းကားလာေသာ လႊတ္တင္ေရးနည္းပညာမ်ား (Rocket Technology)၊ ၿဂိဳဟ္တုနည္းပညာမ်ား (Satellite Technology) အရအေလးခ်ိန္ႏွင့္ အရြယ္အစားႀကီးမားေသာ စြမ္းေဆာင္ရည္ jမင့္မားသည့္ၿဂိဳဟ္တုမ်ားကို တိုးတက္လႊတ္တင္ အသံုးျပဳခဲ့ၾကပါသည္။

သို႔ေသာ္ ယေန႔ေခတ္ နည္းပညာမ်ားသည္ ေသးငယ္ေပ့ါပါးျခင္း၊ ႐ိုးရွင္းလြယ္ကူစြာ အသံုးခ်ႏိုင္ျခင္း၊ ႏိုင္ငံအသီးသီးမွ လက္လွမ္းမွီႏုိင္ျခင္း၊ ကုန္က်စရိတ္ သက္သာျခင္းအျပင္ အလြယ္တကူ ရရွိႏိုင္မႈႏွင့္ သံုးစဲြသူအတြက္ လုိအပ္ခ်က္မ်ားအလိုက္ ျဖည့္ဆည္းေပးႏိုင္ျခင္းေၾကာင့္ အက်ိဳးဆက္အေနျဖင့္ ၿဂိဳဟ္တုနည္းပညာပိုင္းႏွင့္ပတ္သက္၍လည္း ေသးငယ္ၿပီးစြမ္းေဆာင္
ရည္ျမင့္မားသည့္ အေသးစားၿဂိဳဟ္တုမ်ားကို ေျပာင္းလဲထုတ္လုပ္ အသံုးျပဳလာခဲ့ၾကေပသည္။ အဘယ္ေၾကာင့္ဆိုေသာ္ အဆုိ
ပါၿဂိဳဟ္တုငယ္ေလးမ်ားျဖစ္သည့္ MicroSat, CubeSat, NanoSat မ်ားသည္ ဒီဇိုင္းျပဳလုပ္ျခင္း၊ တည္ေဆာက္ျခင္း၊ လႊတ္တင္ျခင္းႏွင့္ ထိန္းခ်ဳပ္ေမာင္းႏွင္ျခင္းမ်ား၌ လုပ္ေဆာင္မႈလြယ္ကူျခင္း၊ ကုန္က်စရိတ္ သက္သာျခင္းမ်ားေၾကာင့္ အသံုးျပဳသူလည္း မ်ားျပားလာပါသည္။
၅၀၀ ကီလိုဂရမ္ (၁၁၀၀ ေပါင္) ရွိေသာ ၿဂိဳဟ္တုမ်ားကို ေသးငယ္ေသာၿဂိဳဟ္တု (Miniaturized Satellite or Small Satellite) ဟုေခၚပါသည္။ ၿဂိဳဟ္တုမ်ားကို နာမည္ခဲြျခားေခၚဆိုရျခင္းမွာ အေလးခ်ိန္ႏွင့္ အရြယ္အစားေပၚမူတည္၍ ေခၚဆိုၾကျခင္းျဖစ္သည္။ အရြယ္အစားေသးငယ္ေသာ ၿဂိဳဟ္တုမ်ားကို ေအာက္ပါအတိုင္း ေလးမ်ိဳးခဲြျခားႏုိင္မည္ျဖစ္သည္။

မီနီၿဂိဳဟ္တု (MiniSatellite)

မီနီၿဂိဳဟ္တု၏အေလးခ်ိန္သည္ ပတ္လမ္းေၾကာင္းအတြင္းလည္ပတ္ႏိုင္ရန္အတြက္ ေလာင္စာဆီ (Fuel) အပါအဝင္ ၁၀၀ မွ ၅၀၀ ကီလိုဂရမ္ (၂၂၀ ႏွင့္ ၁၁၀၀ ေပါင္) အေလးခ်ိန္အၾကားရွိပါသည္။ ၎ၿဂိဳဟ္တုတြင္ သာမန္ၿဂိဳဟ္တုမ်ားတြင္ အသံုးျပဳေသာ နည္းပညာကိုပင္ အေျခခံတည္ေဆာက္ထားပါသည္။

မိုက္ခ႐ိုၿဂိဳဟ္တု (MicroSatellite)

မိုက္ခ႐ိုၿဂိဳဟ္တုကုိ မိုက္ခ႐ိုဆက္ (Micro-Sat) ဟုလည္းေခၚသည္။ အေလးခ်ိန္သည္ ပတ္လမ္းေၾကာင္းအတြင္းလည္
ပတ္ႏိုင္ရန္အတြက္ ေလာင္စာဆီ (Fuel) အပါအဝင္ ၁၀ မွ ၁၀၀ ကီလိုဂရမ္ (၂၂ ႏွင့္ ၂၂၀ ေပါင္) အေလးခ်ိန္အၾကားရွိပါသည္။ သမား႐ိုးက် ၿဂိဳဟ္တုမ်ားကဲ့သို႔ ဒီဇိုင္းတည္ေဆာက္ထားသည့္အျပင္ မီနီၿဂိဳဟ္တုဒီဇိုင္း ပံုစံကဲ့သို႔လည္း တည္ေဆာက္ၾကပါသည္။

နာႏိုၿဂိဳဟ္တု (NanoSatellite)

နာႏိုၿဂိဳဟ္တုကို NanoSat ဟုလည္း ေခၚသည္။ အေလးခ်ိန္သည္ ပတ္လမ္းေၾကာင္းအတြင္း လည္ပတ္ႏိုင္ရန္အတြက္
ေလာင္စာဆီ (Fuel) အပါအဝင္ ၁ မွ ၁၀ ကီလိုဂရမ္ (၂.၂ ႏွင့္ ၂၂ ေပါင္) အေလးခ်ိန္ အၾကားရွိပါသည္။ ဒီဇိုင္းႏွင့္ ပတ္သက္၍ မ်ားေသာအားျဖင့္ Cube ပံုစံ တည္ေဆာက္ၾကပါသည္။ အဆိုပါၿဂိဳဟ္တုငယ္မ်ားကို ပင္မၿဂိဳဟ္တု Main Satellite ႏွင့္ ေျမျပင္ထိန္းခ်ဳပ္ေရးစခန္းအၾကား ဆက္သြယ္မႈျပဳလုပ္ ေပးႏုိင္ရန္ ၾကားခံအျဖစ္ ထားရွိအသံုးျပဳၾကသည့္အျပင္ ပင္မၿဂိဳဟ္တု၏ စတင္တာဝန္ထမ္းေဆာင္ခ်ိန္ႏွင့္ လုပ္ေဆာင္မႈမ်ားကို မွတ္တမ္းထားရွိရန္အတြက္လည္း အသံုးျပဳပါသည္။

ပီဆိုၿဂိဳဟ္တု (PicoSatellite)

ပီဆိုၿဂိဳဟ္တုကို PicoSat ဟုေခၚၿပီး အေလးခ်ိန္သည္ ပတ္လမ္းေၾကာင္းအတြင္း လည္ပတ္ႏိုင္ရန္အတြက္ ေလာင္စာဆီ (Fuel) အပါအဝင္ ၀.၁ မွ ၁ ကီလိုဂရမ္ (၀.၂၂ ႏွင့္ ၂ ေပါင္) အေလးခ်ိန္အၾကား ရွိပါသည္။ Cube ပံုစံဒီဇိုင္းတည္ေဆာက္ထားၿပီး နာႏိုၿဂိဳဟ္တု အလုပ္လုပ္ေဆာင္ပံုကဲ့သုိ႔ပင္ အသံုးျပဳပါသည္။ နာႏိုၿဂိဳဟ္တုႏွင့္ ပီဆိုၿဂိဳဟ္တုတို႔၏တည္ေဆာက္မႈသည္ ကုဗ (Cube) ပံုစံဒီဇုိင္း တည္ေဆာက္ထားျခင္းေၾကာင့္ ကုဗပံုၿဂိဳဟ္တု (CubeSat) ဟုလည္း ေခၚၾကပါသည္။ အတိုင္းအတာ အရ အလ်ား x အနံ x အျမင့္ ၁၀ စင္တီမီတာ၊ သို႔မဟုတ္ ၁၀ ကုဗစင္တီမီတာရွိေသာ ကုဗပံုၿဂိဳဟ္တုကို ၁ ယူနစ္ (1U) ဟုသတ္မွတ္ၿပီး၊ ၁ ယူနစ္ ကုဗပံုၿဂိဳဟ္တုႏွစ္
လံုး ၂ ယူနစ္ (2U)၊ သံုးလံုးဆိုပါက ၃ ယူနစ္ (3U) ဟုသတ္မွတ္ၾကပါသည္။ ကုဗတံုးၿဂိဳဟ္တုတစ္လံုး၏ အရြယ္အစားသည္ ၁၀ စင္တီမီတာ (၄ လက္မ ပတ္လည္) အရြယ္အစားသာရွိၿပီး အေလးခ်ိန္သည္ ၁.၃ ကီလုိဂရမ္ (၂.၉ေပါင္) ေအာက္သာရွိပါသည္။ ကုဗတံုးၿဂိဳဟ္တု နည္းပညာကို ၁၉၉၉ ခုႏွစ္တြင္ ကယ္လီဖိုးနီးယားရွိ ပိုလီနည္းပညာတကၠသိုလ္ႏွင့္ စတန္းဖိုဒ့္ တကၠသိုလ္၏ အာကာသစနစ္ဖြံ႕ၿဖိဳးေရး သုေတသနဓာတ္ခဲြခန္းတို႔ ပူးေပါင္းကာ စတင္တီထြင္ခဲ့ၾကၿပီး ရည္ရြယ္ခ်က္မွာ သမား႐ိုးက်ၿဂိဳဟ္တုမ်ား၏ ကိုယ္ထည္ႀကီးျမင့္မႈ၊ ပစ္လႊတ္မႈကုန္က်စရိတ္ မ်ားျပားမႈ၊ တည္ေဆာက္ျခင္းႏွင့္ စမ္းသပ္ခ်ိန္ၾကာျမင့္မႈမ်ားကို ေလွ်ာ့ခ်ႏုိင္ရန္ႏွင့္ အာကာသသိပၸံႏွင့္ စူးစမ္းရွာေဖြျခင္းဆိုင္ရာမ်ားကို ကမၻာအရပ္ရပ္ရွိ တကၠသိုလ္မ်ား၊ ေက်ာင္းသားမ်ားႏွင့္ အဖဲြ႕အစည္းမ်ား ပိုမိုပါဝင္ ေဆာက္ရြက္ လာႏိုင္ေစရန္အတြက္ျဖစ္ၿပီး ပထမဆံုးေသာ ကုဗပံုၿဂိဳဟ္တုကို ၂၀၀၃ ခုႏွစ္တြင္ အာကာသသို႔ ပစ္လႊတ္ႏိုင္ခဲ့ၾက
ပါသည္။

ကုဗပံုၿဂိဳဟ္တုတစ္လံုး၏ အာကာသအတြင္း အလုပ္လုပ္ႏုိင္ေသာ သက္တမ္းသည္ အနည္းဆံုးရက္ ၃၀ မွအမ်ားဆံုး ၉၀ အထိရွိၿပီး ၿဂိဳဟ္တုတစ္လံုး၏ သက္တမ္းသည္ အမ်ားအားျဖင့္ ၎တြင္ပါဝင္ေသာ ေလာင္စာဆီပမာဏေပၚတြင္ မူတည္ပါသည္။ စြမ္းေဆာင္ရည္အေနျဖင့္ လႊတ္တင္သူမ်ား၏ ရည္ရြယ္ခ်က္ေပၚ မူတည္ကာ ၿဂိဳဟ္တုဓာတ္ပံုမ်ား ႐ိုက္ကူးေပးပို႔ေစျခင္း၊ ကမၻာပတ္လမ္းႏွင့္ ကမၻာေျမအၾကား ေရဒီယိုလိႈင္းမ်ားအား စူးစမ္းေလ့လာျခင္း၊ ရာသီဥတုဆိုင္ရာ ေျပာင္းလဲမႈမ်ားေလ့လာျခင္း၊ ေျမငလ်င္ႏွင့္ မီးေတာင္ေပါက္ကဲြမႈမ်ားအား ႀကိဳတင္ေထာက္လွမ္းျခင္း၊ Space Telescope အျဖစ္အသံုးျပဳျခင္း၊ အာကာသအတြင္း Gamma Ray Detector အျဖစ္ အသံုးျပဳျခင္း၊ ပညာေရး၊ က်န္းမာေရးႏွင့္ အျခားနည္းပညာဆိုင္ရာ စူးစမ္းေလ့လာမႈမ်ားအား လုပ္ေဆာင္ရန္အသံုး ျပဳျခင္း၊ ကမၻာေပၚရွိ စစ္ေရးဆိုင္ရာႏွင့္ အရပ္ဘက္ဆုိင္ရာ အေဆာက္အဦမ်ား၊ ဆည္ေျမာင္းတာတမံမ်ား စသည္တို႔အား ေထာက္လွမ္းျခင္း၊ သမုဒၵရာအတြင္း သေဘၤာမ်ား သြားလာမႈကို ေစာင့္ၾကည့္ေထာက္လႇမ္းျခင္း၊ သဘာဝေဘးအႏၱရာယ္မ်ားကို ႀကိဳတင္ေထာက္လွမ္းျခင္း အစရွိသည္ျဖင့္ မိမိတို႔၏ရည္ရြယ္ခ်က္အေပၚမူတည္ကာ တည္ေဆာက္အသံုးျပဳ ၾကပါသည္။

နာႏိုၿဂိဳဟ္တုသည္ ကမၻာႀကီးကို အျမင့္ ၅၄၀ ကီလိုမီတာတြင္ ေျမာက္မွေတာင္သို႔ ေဒါင္လိုက္လွည့္ပတ္ေနေသာ LEO ပတ္လမ္းအတြင္းရွိ ၿဂိဳဟ္တုတစ္လံုးျဖစ္ေသာေၾကာင့္ ကမၻာေျမ၏ဆဲြအားကို ပိုမိုခံစားရျခင္း၊ အရြယ္အစားေသးငယ္သျဖင့္ ခံႏိုင္ရည္စြမ္းအားနည္းပါးျခင္းႏွင့္ ပါ၀င္အသံုး ျပဳရမည့္ေလာင္စာဆီပမာဏ နည္းပါးျခင္းတို႔ေၾကာင့္ မိမိတို႔အသံုးျပဳလုိေသာ က႑မ်ားအတြက္ ႀကိဳတင္စီမံေဆာင္ရြက္ထားရန္ လိုအပ္မည္ျဖစ္ပါသည္။ နာႏိုၿဂိဳဟ္တု လႊတ္တင္မည္ဆိုပါက ၿဂိဳဟ္တုအားထိန္း
ခ်ဳပ္ေမာင္းႏွင္ျခင္း၊ ၿဂိဳဟ္တုမွ သတင္းအခ်က္အလက္ႏွင့္ ပံုရိပ္မ်ားဖမ္းယူ လက္ခံျခင္းတို႔ကို ေဆာင္ရြက္ႏိုင္ရန္အတြက္ ေျမျပင္အေျခစိုက္ စခန္းတည္ေဆာက္ရန္ ေနရာေရြးခ်ယ္ရာတြင္ ၿဂိဳဟ္တုႏွင့္ေျမျပင္စခန္းတို႔သည္ ေရဒီယိုလိႈင္း X Band ကို အသံုးျပဳ၍ အျပန္အလွန္ ဆက္သြယ္ေဆာင္ရြက္ ရမည္ျဖစ္သျဖင့္ အဆိုပါလိႈင္းႏႈန္း ဆက္သြယ္မႈကို အေႏွာင့္အယွက္ျပဳႏိုင္ေသာ အျခားေရဒီယို လိႈင္းႏႈန္းမ်ား ထုတ္လႊင့္ေနသည့္ေနရာ (ဥပမာ -အသံလႊင့္ဌာန) မ်ားႏွင့္ ကင္းလႊတ္ေသာေနရာကို ေရြးခ်ယ္တည္ေဆာက္ ရမည္ျဖစ္ပါ သည္။

၁ ယူနစ္ ကုဗတံုးၿဂိဳဟ္တုကို ဒံုးပ်ံျဖင့္ အာကာသအတြင္းသို႔ သယ္ေဆာင္ပစ္လႊတ္ရန္အတြက္ ကယ္လီဖိုးနီးယား ပိုလီနည္းပညာ တကၠသိုလ္မွ တီထြင္ထားေသာ Poly PicoSatellite Orbit Deployer (P-POD) စနစ္ကိုအသံုးျပဳရန္ လိုအပ္ပါသည္။ အဆိုပါစနစ္ကို အသံုးျပဳ၍ တစ္ႀကိမ္လွ်င္ ၁ ယူနစ္ ကုဗတံုး ၿဂိဳဟ္တု ၃ လံုးအထိ အာကာသအတြင္းသို႔ ျဖန္႔ၾကက္ေနရာခ်ထားေပးၿပီး အဆိုပါစနစ္ျဖင့္ပင္ ၂၀၀၃ ခုႏွစ္မွ ၂၀၁၃ ခုႏွစ္အထိ ကုဗတံုးၿဂိဳဟ္တုအလံုးေပါင္း ၉၈ လံုးကို အာကာသအတြင္းသို႔ ေအာင္ျမင္စြာ လႊတ္တင္ႏိုင္ခ့ဲေၾကာင္း ေလ့လာေတြ႕ရွိပါသည္။ P-POD စနစ္၏ဖဲြ႕စည္း တည္ေဆာက္ပံုမွာ ေလးေထာင့္သ႑ာန္ အလ်ားရွည္သည့္ ေသတၱာပံုစံျဖစ္ၿပီး ကိုယ္ထည္တစ္ခုလံုးကို အလိြဳင္း၊ အလူမီနီယံသတၱဳျဖင့္ တည္ေဆာက္ထားပါသည္။ ၎တြင္ တံခါးတစ္ခုပါဝင္ၿပီး ထိုတံခါးကို အဖြင့္အပိတ္ လုပ္ႏိုင္မည့္ စပရင္စက္မႈစနစ္ (Spring Mechanism) ႏွင့္ အတြင္းထဲရွိ ကုဗတံုးၿဂိဳဟ္တုမ်ားကို တြန္းကန္ထုတ္ေပးမည့္
အဓိကတြန္းကန္မႈစနစ္ (Main Spring Mechanism) တို႔ပါရွိၿပီး အာကာသအတြင္း ၿဂိဳဟ္တုမ်ားကိုျဖန္႔ခဲြ ထားရွိႏိုင္မည္ျဖစ္သည္။

ယခုအခါ နည္းပညာ တုိးတက္လာမႈေၾကာင့္ American Company ျဖစ္သည့္ Orbital Science မွ ၿဂိဳဟ္တုအေသး ၂၉ လံုးကို တစ္ႀကိမ္တည္းျဖင့္ လႊတ္တင္ႏိုင္ခဲ့သလို ၎လႊတ္တင္မႈအၿပီး ၁ ရက္ခန္႔အၾကာ၌မွာပင္ Russia Company ျဖစ္သည့္ Kosmotras မွ ကုဗပံုၿဂိဳဟ္တု ၃၃ လံုးကို တစ္ႀကိမ္တည္းျဖင့္ လႊတ္တင္ခဲ့ပါသည္။ ထို႔ေၾကာင့္ လည္းေနာင္လာမည့္ ငါးႏွစ္အတြင္း ကုဗပံုၿဂိဳဟ္တုေပါင္း ၁၀၀၀ ေက်ာ္ကို လႊတ္တင္ႏိုင္ရမည္ဟုလည္း ေမွ်ာ္လင့္ထားၾကေပသည္။

ကုဗတံုးၿဂိဳဟ္တုမ်ား၏ လႊတ္တင္မႈ ကုန္က်စရိတ္သည္ လႊတ္တင္ရာတြင္ ပါဝင္မည့္ကုဗတံုးပံုၿဂိဳဟ္တု အေရအတြက္ႏွင့္လည္း တိုက္႐ိုက္အခ်ိဳးက်ပါသည္။ ၁ ယူနစ္ ကုဗတံုးၿဂိဳဟ္တုတန္ဖိုးအတြက္ ပ်မ္းမွ် အေမရိကန္ ေဒၚလာ ၁၀၀၀၀ နီးပါးက်ၿပီး လႊတ္တင္မႈ စရိတ္မွာ ေဒၚလာ ၈၀၀၀၀ ခန္႔ ရွိပါသည္။ သို႔ေသာ္ ၿဂိဳဟ္တုလႊတ္တင္မႈတြင္ ဝယ္ယူလႊတ္တင္႐ံုႏွင့္ မၿပီးေသးဘဲ အဆိုပါလႊတ္တင္လိုက္ေသာ ၿဂိဳဟ္တုကို ေမာင္းႏွင္ရန္၊ အခ်က္အလက္မ်ားကို အျပန္အလွန္ ရယူေပးပို႔ရန္အတြက္ ေျမျပင္ စခန္းမ်ား၊ ကၽြမ္းက်င္ပညာရွင္မ်ားလည္း လိုအပ္ပါသည္။

ျမန္မာႏုိင္ငံသည္ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားကို ဘက္ေပါင္းစံုမွ အရွိန္အဟုန္ျဖင့္ ႀကိဳးပမ္းေဆာက္ရြက္လ်က္ရွိရာ နည္းပညာ ဖြံ႕ၿဖိဳးတိုးတက္လာမႈသည္ ႏိုင္ငံေတာ္ဖြံၿဖိဳးတိုးတက္မႈအတြက္ အေထာက္အကူျဖစ္ေစပါသည္။ လက္ရွိတြင္အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္ေသာ တ႐ုတ္ႏုိင္ငံ၊ အိႏိၵယႏိုင္ငံ၊ ထိုင္း၊ အင္ဒိုနီးရွား၊ ႐ုရွား၊ မေလးရွား၊ ဖိလစ္ပိုင္၊ စကၤာပူႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔သည္ ၿဂိဳဟ္တုမ်ားကို လႊတ္တင္ အသံုးျပဳေနခဲ့ၾကၿပီးျဖစ္ပါသည္။

ျမန္မာႏုိင္ငံအေနျဖင့္ အျခားေသာ အိမ္နီးခ်င္းႏိုင္ငံမ်ားကဲ့သို႔ ၿဂိဳဟ္တုလႊတ္တင္ႏုိင္ျခင္း မရွိေသးေသာ္လည္း ၿဂိဳဟ္တုနည္းပညာကို ေလ့လာမႈမ်ားျပဳလုပ္ေနၾကၿပီ ျဖစ္ပါသည္။ ထိုသို႔ျပဳလုပ္ရာတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားစြာ မလုပ္ေဆာင္ႏိုင္ေသးေသာေၾကာင့္ နာႏိုၿဂိဳဟ္တု မ်ားကဲ့သုိ႔ ၿဂိဳဟ္တုအေသးစားမ်ားကို စတင္လႊတ္တင္သင့္ အသံုးျပဳမႈသင့္ေပသည္။ ထို႔ေၾကာင့္ နည္းပညာအရ လက္လွမ္းမီၿပီး ကုန္က် စရိတ္သက္သာေသာ၊ မိမိတို႔ကဲ့သို႔ ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံငယ္မ်ားႏွင့္ အလြန္ပင္ကုိက္ညီေသာ ကုဗတံုးၿဂိဳဟ္တု နည္းပညာကို အသံုးျပဳ၍ ၁ ယူနစ္ျဖစ္ေစ၊ ၂ ယူနစ္ျဖစ္ေစ ၿဂိဳဟ္တုငယ္တစ္လံုးအား သုေတသနျပဳလုပ္ျခင္း၊ စမ္းသပ္ေလ့လာ တည္ေဆာက္ျခင္းႏွင့္ ပစ္လႊတ္ျခင္း မ်ား ျပဳလုပ္သြားမည္ဆုိပါက ၿဂိဳဟ္တုတည္ေဆာက္ျခင္းႏွင့္ သက္ဆုိင္ေသာ အေတြ႕အၾကံဳ ေကာင္းမ်ား၊ အသိပညာမ်ား တိုးတက္ ရရွိႏိုင္ၿပီး အနာဂတ္ကာလတြင္ တန္ဖိုးႀကီးမားေသာ သမား႐ိုးက် ၿဂိဳဟ္တုပစ္လႊတ္မည္ ဆုိပါက ရရွိၿပီးေသာအေတြ႕အၾကံဳမ်ားကို အေျခခံ၍ အမွားအယြင္းႏွင့္ ဆံုး႐ႈံးမႈအနည္းဆံုးျဖစ္မည့္ ေအာင္ျမင္ေသာၿဂိဳဟ္တုလႊတ္တင္မႈမ်ားကို ေနာင္အနာဂတ္ျမန္မာႏုိင္ငံ
တြင္ ျပဳလုပ္သြားႏိုင္မည္လိမ့္မည္ဟု ေမွ်ာ္လင့္ေၾကာင္း အႀကံျပဳေရးသားလိုက္ရပါသည္။

-ေက်ာ္လင္း (အမိေျမ)

[ Unicode ]

မိုက်ခရိုဂြိုဟ်တုများအကြောင်းနှင့် ပတ်သက်၍ပြောမည်ဆိုလျှင် ပထမဆုံးဂြိုဟ်တုအဖြစ် လွှတ်တင်ခဲ့သော Sputnik-1 သည်လည်း အကျုံးဝင်ပေလိမ့်မည်။ အဆိုပါဂြိုဟ်တု လွှတ်တင်ခဲ့သည့်အချိန်မှစပြီး နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း နိုင်ငံအသီးသီးသည် တိုးတက်ထွန်းကားလာသော လွှတ်တင်ရေးနည်းပညာများ (Rocket Technology)၊ ဂြိုဟ်တုနည်းပညာများ (Satellite Technology) အရအလေးချိန်နှင့် အရွယ်အစားကြီးမားသော စွမ်းဆောင်ရည် jမင့်မားသည့်ဂြိုဟ်တုများကို တိုးတက်လွှတ်တင် အသုံးပြုခဲ့ကြပါသည်။

သို့သော် ယနေ့ခေတ် နည်းပညာများသည် သေးငယ်ပေ့ါပါးခြင်း၊ ရိုးရှင်းလွယ်ကူစွာ အသုံးချနိုင်ခြင်း၊ နိုင်ငံအသီးသီးမှ လက်လှမ်းမှီနိုင်ခြင်း၊ ကုန်ကျစရိတ် သက်သာခြင်းအပြင် အလွယ်တကူ ရရှိနိုင်မှုနှင့် သုံးစွဲသူအတွက် လိုအပ်ချက်များအလိုက် ဖြည့်ဆည်းပေးနိုင်ခြင်းကြောင့် အကျိုးဆက်အနေဖြင့် ဂြိုဟ်တုနည်းပညာပိုင်းနှင့်ပတ်သက်၍လည်း သေးငယ်ပြီးစွမ်းဆောင်
ရည်မြင့်မားသည့် အသေးစားဂြိုဟ်တုများကို ပြောင်းလဲထုတ်လုပ် အသုံးပြုလာခဲ့ကြပေသည်။ အဘယ်ကြောင့်ဆိုသော် အဆို
ပါဂြိုဟ်တုငယ်လေးများဖြစ်သည့် MicroSat, CubeSat, NanoSat များသည် ဒီဇိုင်းပြုလုပ်ခြင်း၊ တည်ဆောက်ခြင်း၊ လွှတ်တင်ခြင်းနှင့် ထိန်းချုပ်မောင်းနှင်ခြင်းများ၌ လုပ်ဆောင်မှုလွယ်ကူခြင်း၊ ကုန်ကျစရိတ် သက်သာခြင်းများကြောင့် အသုံးပြုသူလည်း များပြားလာပါသည်။
၅၀၀ ကီလိုဂရမ် (၁၁၀၀ ပေါင်) ရှိသော ဂြိုဟ်တုများကို သေးငယ်သောဂြိုဟ်တု (Miniaturized Satellite or Small Satellite) ဟုခေါ်ပါသည်။ ဂြိုဟ်တုများကို နာမည်ခွဲခြားခေါ်ဆိုရခြင်းမှာ အလေးချိန်နှင့် အရွယ်အစားပေါ်မူတည်၍ ခေါ်ဆိုကြခြင်းဖြစ်သည်။ အရွယ်အစားသေးငယ်သော ဂြိုဟ်တုများကို အောက်ပါအတိုင်း လေးမျိုးခွဲခြားနိုင်မည်ဖြစ်သည်။

မီနီဂြိုဟ်တု (MiniSatellite)

မီနီဂြိုဟ်တု၏အလေးချိန်သည် ပတ်လမ်းကြောင်းအတွင်းလည်ပတ်နိုင်ရန်အတွက် လောင်စာဆီ (Fuel) အပါအဝင် ၁၀၀ မှ ၅၀၀ ကီလိုဂရမ် (၂၂၀ နှင့် ၁၁၀၀ ပေါင်) အလေးချိန်အကြားရှိပါသည်။ ၎င်းဂြိုဟ်တုတွင် သာမန်ဂြိုဟ်တုများတွင် အသုံးပြုသော နည်းပညာကိုပင် အခြေခံတည်ဆောက်ထားပါသည်။

မိုက်ခရိုဂြိုဟ်တု (MicroSatellite)

မိုက်ခရိုဂြိုဟ်တုကို မိုက်ခရိုဆက် (Micro-Sat) ဟုလည်းခေါ်သည်။ အလေးချိန်သည် ပတ်လမ်းကြောင်းအတွင်းလည်
ပတ်နိုင်ရန်အတွက် လောင်စာဆီ (Fuel) အပါအဝင် ၁၀ မှ ၁၀၀ ကီလိုဂရမ် (၂၂ နှင့် ၂၂၀ ပေါင်) အလေးချိန်အကြားရှိပါသည်။ သမားရိုးကျ ဂြိုဟ်တုများကဲ့သို့ ဒီဇိုင်းတည်ဆောက်ထားသည့်အပြင် မီနီဂြိုဟ်တုဒီဇိုင်း ပုံစံကဲ့သို့လည်း တည်ဆောက်ကြပါသည်။

နာနိုဂြိုဟ်တု (NanoSatellite)

နာနိုဂြိုဟ်တုကို NanoSat ဟုလည်း ခေါ်သည်။ အလေးချိန်သည် ပတ်လမ်းကြောင်းအတွင်း လည်ပတ်နိုင်ရန်အတွက်
လောင်စာဆီ (Fuel) အပါအဝင် ၁ မှ ၁၀ ကီလိုဂရမ် (၂.၂ နှင့် ၂၂ ပေါင်) အလေးချိန် အကြားရှိပါသည်။ ဒီဇိုင်းနှင့် ပတ်သက်၍ များသောအားဖြင့် Cube ပုံစံ တည်ဆောက်ကြပါသည်။ အဆိုပါဂြိုဟ်တုငယ်များကို ပင်မဂြိုဟ်တု Main Satellite နှင့် မြေပြင်ထိန်းချုပ်ရေးစခန်းအကြား ဆက်သွယ်မှုပြုလုပ် ပေးနိုင်ရန် ကြားခံအဖြစ် ထားရှိအသုံးပြုကြသည့်အပြင် ပင်မဂြိုဟ်တု၏ စတင်တာဝန်ထမ်းဆောင်ချိန်နှင့် လုပ်ဆောင်မှုများကို မှတ်တမ်းထားရှိရန်အတွက်လည်း အသုံးပြုပါသည်။

ပီဆိုဂြိုဟ်တု (PicoSatellite)

ပီဆိုဂြိုဟ်တုကို PicoSat ဟုခေါ်ပြီး အလေးချိန်သည် ပတ်လမ်းကြောင်းအတွင်း လည်ပတ်နိုင်ရန်အတွက် လောင်စာဆီ (Fuel) အပါအဝင် ၀.၁ မှ ၁ ကီလိုဂရမ် (၀.၂၂ နှင့် ၂ ပေါင်) အလေးချိန်အကြား ရှိပါသည်။ Cube ပုံစံဒီဇိုင်းတည်ဆောက်ထားပြီး နာနိုဂြိုဟ်တု အလုပ်လုပ်ဆောင်ပုံကဲ့သို့ပင် အသုံးပြုပါသည်။ နာနိုဂြိုဟ်တုနှင့် ပီဆိုဂြိုဟ်တုတို့၏တည်ဆောက်မှုသည် ကုဗ (Cube) ပုံစံဒီဇိုင်း တည်ဆောက်ထားခြင်းကြောင့် ကုဗပုံဂြိုဟ်တု (CubeSat) ဟုလည်း ခေါ်ကြပါသည်။ အတိုင်းအတာ အရ အလျား x အနံ x အမြင့် ၁၀ စင်တီမီတာ၊ သို့မဟုတ် ၁၀ ကုဗစင်တီမီတာရှိသော ကုဗပုံဂြိုဟ်တုကို ၁ ယူနစ် (1U) ဟုသတ်မှတ်ပြီး၊ ၁ ယူနစ် ကုဗပုံဂြိုဟ်တုနှစ်
လုံး ၂ ယူနစ် (2U)၊ သုံးလုံးဆိုပါက ၃ ယူနစ် (3U) ဟုသတ်မှတ်ကြပါသည်။ ကုဗတုံးဂြိုဟ်တုတစ်လုံး၏ အရွယ်အစားသည် ၁၀ စင်တီမီတာ (၄ လက်မ ပတ်လည်) အရွယ်အစားသာရှိပြီး အလေးချိန်သည် ၁.၃ ကီလိုဂရမ် (၂.၉ပေါင်) အောက်သာရှိပါသည်။ ကုဗတုံးဂြိုဟ်တု နည်းပညာကို ၁၉၉၉ ခုနှစ်တွင် ကယ်လီဖိုးနီးယားရှိ ပိုလီနည်းပညာတက္ကသိုလ်နှင့် စတန်းဖိုဒ့် တက္ကသိုလ်၏ အာကာသစနစ်ဖွံ့ဖြိုးရေး သုတေသနဓာတ်ခွဲခန်းတို့ ပူးပေါင်းကာ စတင်တီထွင်ခဲ့ကြပြီး ရည်ရွယ်ချက်မှာ သမားရိုးကျဂြိုဟ်တုများ၏ ကိုယ်ထည်ကြီးမြင့်မှု၊ ပစ်လွှတ်မှုကုန်ကျစရိတ် များပြားမှု၊ တည်ဆောက်ခြင်းနှင့် စမ်းသပ်ချိန်ကြာမြင့်မှုများကို လျှော့ချနိုင်ရန်နှင့် အာကာသသိပ္ပံနှင့် စူးစမ်းရှာဖွေခြင်းဆိုင်ရာများကို ကမ္ဘာအရပ်ရပ်ရှိ တက္ကသိုလ်များ၊ ကျောင်းသားများနှင့် အဖွဲ့အစည်းများ ပိုမိုပါဝင် ဆောက်ရွက် လာနိုင်စေရန်အတွက်ဖြစ်ပြီး ပထမဆုံးသော ကုဗပုံဂြိုဟ်တုကို ၂၀၀၃ ခုနှစ်တွင် အာကာသသို့ ပစ်လွှတ်နိုင်ခဲ့ကြ
ပါသည်။

ကုဗပုံဂြိုဟ်တုတစ်လုံး၏ အာကာသအတွင်း အလုပ်လုပ်နိုင်သော သက်တမ်းသည် အနည်းဆုံးရက် ၃၀ မှအများဆုံး ၉၀ အထိရှိပြီး ဂြိုဟ်တုတစ်လုံး၏ သက်တမ်းသည် အများအားဖြင့် ၎င်းတွင်ပါဝင်သော လောင်စာဆီပမာဏပေါ်တွင် မူတည်ပါသည်။ စွမ်းဆောင်ရည်အနေဖြင့် လွှတ်တင်သူများ၏ ရည်ရွယ်ချက်ပေါ် မူတည်ကာ ဂြိုဟ်တုဓာတ်ပုံများ ရိုက်ကူးပေးပို့စေခြင်း၊ ကမ္ဘာပတ်လမ်းနှင့် ကမ္ဘာမြေအကြား ရေဒီယိုလှိုင်းများအား စူးစမ်းလေ့လာခြင်း၊ ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုများလေ့လာခြင်း၊ မြေငလျင်နှင့် မီးတောင်ပေါက်ကွဲမှုများအား ကြိုတင်ထောက်လှမ်းခြင်း၊ Space Telescope အဖြစ်အသုံးပြုခြင်း၊ အာကာသအတွင်း Gamma Ray Detector အဖြစ် အသုံးပြုခြင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားနည်းပညာဆိုင်ရာ စူးစမ်းလေ့လာမှုများအား လုပ်ဆောင်ရန်အသုံး ပြုခြင်း၊ ကမ္ဘာပေါ်ရှိ စစ်ရေးဆိုင်ရာနှင့် အရပ်ဘက်ဆိုင်ရာ အဆောက်အဦများ၊ ဆည်မြောင်းတာတမံများ စသည်တို့အား ထောက်လှမ်းခြင်း၊ သမုဒ္ဒရာအတွင်း သင်္ဘောများ သွားလာမှုကို စောင့်ကြည့်ထောက်လှမ်းခြင်း၊ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ထောက်လှမ်းခြင်း အစရှိသည်ဖြင့် မိမိတို့၏ရည်ရွယ်ချက်အပေါ်မူတည်ကာ တည်ဆောက်အသုံးပြု ကြပါသည်။

နာနိုဂြိုဟ်တုသည် ကမ္ဘာကြီးကို အမြင့် ၅၄၀ ကီလိုမီတာတွင် မြောက်မှတောင်သို့ ဒေါင်လိုက်လှည့်ပတ်နေသော LEO ပတ်လမ်းအတွင်းရှိ ဂြိုဟ်တုတစ်လုံးဖြစ်သောကြောင့် ကမ္ဘာမြေ၏ဆွဲအားကို ပိုမိုခံစားရခြင်း၊ အရွယ်အစားသေးငယ်သဖြင့် ခံနိုင်ရည်စွမ်းအားနည်းပါးခြင်းနှင့် ပါ၀င်အသုံး ပြုရမည့်လောင်စာဆီပမာဏ နည်းပါးခြင်းတို့ကြောင့် မိမိတို့အသုံးပြုလိုသော ကဏ္ဍများအတွက် ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ပါသည်။ နာနိုဂြိုဟ်တု လွှတ်တင်မည်ဆိုပါက ဂြိုဟ်တုအားထိန်း
ချုပ်မောင်းနှင်ခြင်း၊ ဂြိုဟ်တုမှ သတင်းအချက်အလက်နှင့် ပုံရိပ်များဖမ်းယူ လက်ခံခြင်းတို့ကို ဆောင်ရွက်နိုင်ရန်အတွက် မြေပြင်အခြေစိုက် စခန်းတည်ဆောက်ရန် နေရာရွေးချယ်ရာတွင် ဂြိုဟ်တုနှင့်မြေပြင်စခန်းတို့သည် ရေဒီယိုလှိုင်း X Band ကို အသုံးပြု၍ အပြန်အလှန် ဆက်သွယ်ဆောင်ရွက် ရမည်ဖြစ်သဖြင့် အဆိုပါလှိုင်းနှုန်း ဆက်သွယ်မှုကို အနှောင့်အယှက်ပြုနိုင်သော အခြားရေဒီယို လှိုင်းနှုန်းများ ထုတ်လွှင့်နေသည့်နေရာ (ဥပမာ -အသံလွှင့်ဌာန) များနှင့် ကင်းလွှတ်သောနေရာကို ရွေးချယ်တည်ဆောက် ရမည်ဖြစ်ပါ သည်။

၁ ယူနစ် ကုဗတုံးဂြိုဟ်တုကို ဒုံးပျံဖြင့် အာကာသအတွင်းသို့ သယ်ဆောင်ပစ်လွှတ်ရန်အတွက် ကယ်လီဖိုးနီးယား ပိုလီနည်းပညာ တက္ကသိုလ်မှ တီထွင်ထားသော Poly PicoSatellite Orbit Deployer (P-POD) စနစ်ကိုအသုံးပြုရန် လိုအပ်ပါသည်။ အဆိုပါစနစ်ကို အသုံးပြု၍ တစ်ကြိမ်လျှင် ၁ ယူနစ် ကုဗတုံး ဂြိုဟ်တု ၃ လုံးအထိ အာကာသအတွင်းသို့ ဖြန့်ကြက်နေရာချထားပေးပြီး အဆိုပါစနစ်ဖြင့်ပင် ၂၀၀၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကုဗတုံးဂြိုဟ်တုအလုံးပေါင်း ၉၈ လုံးကို အာကာသအတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိပါသည်။ P-POD စနစ်၏ဖွဲ့စည်း တည်ဆောက်ပုံမှာ လေးထောင့်သဏ္ဍာန် အလျားရှည်သည့် သေတ္တာပုံစံဖြစ်ပြီး ကိုယ်ထည်တစ်ခုလုံးကို အလွိုင်း၊ အလူမီနီယံသတ္တုဖြင့် တည်ဆောက်ထားပါသည်။ ၎င်းတွင် တံခါးတစ်ခုပါဝင်ပြီး ထိုတံခါးကို အဖွင့်အပိတ် လုပ်နိုင်မည့် စပရင်စက်မှုစနစ် (Spring Mechanism) နှင့် အတွင်းထဲရှိ ကုဗတုံးဂြိုဟ်တုများကို တွန်းကန်ထုတ်ပေးမည့်
အဓိကတွန်းကန်မှုစနစ် (Main Spring Mechanism) တို့ပါရှိပြီး အာကာသအတွင်း ဂြိုဟ်တုများကိုဖြန့်ခွဲ ထားရှိနိုင်မည်ဖြစ်သည်။

ယခုအခါ နည်းပညာ တိုးတက်လာမှုကြောင့် American Company ဖြစ်သည့် Orbital Science မှ ဂြိုဟ်တုအသေး ၂၉ လုံးကို တစ်ကြိမ်တည်းဖြင့် လွှတ်တင်နိုင်ခဲ့သလို ၎င်းလွှတ်တင်မှုအပြီး ၁ ရက်ခန့်အကြာ၌မှာပင် Russia Company ဖြစ်သည့် Kosmotras မှ ကုဗပုံဂြိုဟ်တု ၃၃ လုံးကို တစ်ကြိမ်တည်းဖြင့် လွှတ်တင်ခဲ့ပါသည်။ ထို့ကြောင့် လည်းနောင်လာမည့် ငါးနှစ်အတွင်း ကုဗပုံဂြိုဟ်တုပေါင်း ၁၀၀၀ ကျော်ကို လွှတ်တင်နိုင်ရမည်ဟုလည်း မျှော်လင့်ထားကြပေသည်။

ကုဗတုံးဂြိုဟ်တုများ၏ လွှတ်တင်မှု ကုန်ကျစရိတ်သည် လွှတ်တင်ရာတွင် ပါဝင်မည့်ကုဗတုံးပုံဂြိုဟ်တု အရေအတွက်နှင့်လည်း တိုက်ရိုက်အချိုးကျပါသည်။ ၁ ယူနစ် ကုဗတုံးဂြိုဟ်တုတန်ဖိုးအတွက် ပျမ်းမျှ အမေရိကန် ဒေါ်လာ ၁၀၀၀၀ နီးပါးကျပြီး လွှတ်တင်မှု စရိတ်မှာ ဒေါ်လာ ၈၀၀၀၀ ခန့် ရှိပါသည်။ သို့သော် ဂြိုဟ်တုလွှတ်တင်မှုတွင် ဝယ်ယူလွှတ်တင်ရုံနှင့် မပြီးသေးဘဲ အဆိုပါလွှတ်တင်လိုက်သော ဂြိုဟ်တုကို မောင်းနှင်ရန်၊ အချက်အလက်များကို အပြန်အလှန် ရယူပေးပို့ရန်အတွက် မြေပြင် စခန်းများ၊ ကျွမ်းကျင်ပညာရှင်များလည်း လိုအပ်ပါသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောက်ရွက်လျက်ရှိရာ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုသည် နိုင်ငံတော်ဖွံဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေပါသည်။ လက်ရှိတွင်အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ရုရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့သည် ဂြိုဟ်တုများကို လွှတ်တင် အသုံးပြုနေခဲ့ကြပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် အခြားသော အိမ်နီးချင်းနိုင်ငံများကဲ့သို့ ဂြိုဟ်တုလွှတ်တင်နိုင်ခြင်း မရှိသေးသော်လည်း ဂြိုဟ်တုနည်းပညာကို လေ့လာမှုများပြုလုပ်နေကြပြီ ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရာတွင် ရင်းနှီးမြှုပ်နှံမှုများစွာ မလုပ်ဆောင်နိုင်သေးသောကြောင့် နာနိုဂြိုဟ်တု များကဲ့သို့ ဂြိုဟ်တုအသေးစားများကို စတင်လွှတ်တင်သင့် အသုံးပြုမှုသင့်ပေသည်။ ထို့ကြောင့် နည်းပညာအရ လက်လှမ်းမီပြီး ကုန်ကျ စရိတ်သက်သာသော၊ မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံငယ်များနှင့် အလွန်ပင်ကိုက်ညီသော ကုဗတုံးဂြိုဟ်တု နည်းပညာကို အသုံးပြု၍ ၁ ယူနစ်ဖြစ်စေ၊ ၂ ယူနစ်ဖြစ်စေ ဂြိုဟ်တုငယ်တစ်လုံးအား သုတေသနပြုလုပ်ခြင်း၊ စမ်းသပ်လေ့လာ တည်ဆောက်ခြင်းနှင့် ပစ်လွှတ်ခြင်း များ ပြုလုပ်သွားမည်ဆိုပါက ဂြိုဟ်တုတည်ဆောက်ခြင်းနှင့် သက်ဆိုင်သော အတွေ့အကြံု ကောင်းများ၊ အသိပညာများ တိုးတက် ရရှိနိုင်ပြီး အနာဂတ်ကာလတွင် တန်ဖိုးကြီးမားသော သမားရိုးကျ ဂြိုဟ်တုပစ်လွှတ်မည် ဆိုပါက ရရှိပြီးသောအတွေ့အကြံုများကို အခြေခံ၍ အမှားအယွင်းနှင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်မည့် အောင်မြင်သောဂြိုဟ်တုလွှတ်တင်မှုများကို နောင်အနာဂတ်မြန်မာနိုင်ငံ
တွင် ပြုလုပ်သွားနိုင်မည်လိမ့်မည်ဟု မျှော်လင့်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

-ကျော်လင်း (အမိမြေ)