June 23, 2018

ကိုးရီးယား႐ုပ္သံ စီးရီးၾကည့္ႏိုင္မယ့္ Application ကို MPT မိတ္ဆက္

[ Zawgyi ]

႐ုပ္သံဗြီဒီယိုဖိုင္ေတြကို အြန္လိုင္းေပၚကေန တိုက္႐ိုက္ၾကည့္ႏိုင္မယ့္ Shwe Stream Application ကို MPT က မိတ္ဆက္လိုက္ပါတယ္။

အဲဒီဝန္ေဆာင္မႈမွာ ကိုးရီးယား႐ုပ္သံဇာတ္လမ္းေတြ၊ ကိုးရီးယား Variety Show ေတြကိုၾကည့္ရႈႏိုင္ မယ္လို႔ဆိုပါတယ္။ ကုန္သြယ္လုပ္ငန္းခြန္ပါဝင္ၿပီး တစ္ရက္ကို ၉၉ က်ပ္နဲ႔ ရယူအသံုးျပဳႏိုင္မွာျဖစ္ ေၾကာင္း၊ မိုဘိုင္းဖုန္း၊ Tablet ေတြနဲ႔ MPT ကြန္ရက္ေပၚကေန ရယူအသံုးျပဳႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။

အဲဒီ Shwe Stream Application ဝန္ေဆာင္မႈအသစ္ကို ဒီေနရာမွာ Android Version အတြက္ Download ရယူအသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ကုိရီးယား႐ုပ္သံ စီးရီးေတြအျပင္ ဂ်ပန္နဲ႔ ထုိင္းစီးရီးအခ်ဳိ႕၊ ရသစုံ ႐ုပ္သံစီးရီးေတြကုိလည္း ၾကည့္ႏိုင္မွာျဖစ္ေၾကာင္း၊ အဂၤလိပ္၊ ျမန္မာႏွစ္ဘာသာျဖင့္ အကန္႔အသတ္မရွိ ၾကည့္ရႈႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။ လက္ရွိ စတင္ဝန္ေဆာင္မႈေပးတဲ့ တစ္ပတ္တာကာလမွာ အခမဲ့ အသံုးျပဳၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

-ထြန္းထြန္း

======================

[ Unicode ]

ကိုးရီးယားရုပ်သံစီးရီးကြည့်နိုင်မယ့် Application ကို MPT မိတ်ဆက်

======================

ရုပ်သံဗွီဒီယိုဖိုင်တွေကို အွန်လိုင်းပေါ်ကနေ တိုက်ရိုက်ကြည့်နိုင်မယ့် Shwe Stream Application ကို MPT က မိတ်ဆက်လိုက်ပါတယ်။

အဲဒီဝန်ဆောင်မှုမှာ ကိုးရီးယားရုပ်သံဇာတ်လမ်းတွေ၊ ကိုးရီးယား Variety Show တွေကိုကြည့်ရှုနိုင် မယ်လို့ဆိုပါတယ်။ ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီး တစ်ရက်ကို ၉၉ ကျပ်နဲ့ ရယူအသုံးပြုနိုင်မှာဖြစ် ကြောင်း၊ မိုဘိုင်းဖုန်း၊ Tablet တွေနဲ့ MPT ကွန်ရက်ပေါ်ကနေ ရယူအသုံးပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

အဲဒီ Shwe Stream Application ဝန်ဆောင်မှုအသစ်ကို ဒီနေရာမှာ Android Version အတွက် Download ရယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကိုရီးယားရုပ်သံ စီးရီးတွေအပြင် ဂျပန်နဲ့ ထိုင်းစီးရီးအချို့၊ ရသစုံ ရုပ်သံစီးရီးတွေကိုလည်း ကြည့်နိုင်မှာဖြစ်ကြောင်း၊ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် အကန့်အသတ်မရှိ ကြည့်ရှုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ စတင်ဝန်ဆောင်မှုပေးတဲ့ တစ်ပတ်တာကာလမှာ အခမဲ့ အသုံးပြုကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

-ထွန်းထွန်း