April 23, 2018

ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံရေးအတွက် Android ဖုန်းသုံးသူတိုင်း ပြောင်းလဲအသုံး ပြုသင့်သော Android OS Setting ၅ မျိုး

ထွက်ရှိလာသမျှ Android OS တိုင်းမှာ လုပ်ဆောင်ချက်တွေ များစွာပါဝင်လာပြီး အားလုံးနီးပါးက သုံးစွဲသူတွေအတွက် OS သုံးစွဲမှု အတွေ့အကြုံသစ်တွေရရှိနိုင်မှာ ဖြစ်ပေမယ့် အချို့ကတော့ သုံးစွဲသူတွေအနေနဲ့ ပြောင်းလဲအသုံးပြုတာ ပိုပြီးကောင်းပါတယ်။ မိမိအနေနဲ့ ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံရေးအတွက် ဖုန်းရဲ့ OS setting အချို့ကိုတော့ ပြောင်းလဲအသုံးပြုချင်သူတွေအတွက် အချက် ၅ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

Hide Sensitive Content from Lock Screen

Android 5.0 Lollipop စနစ်ကစပြီး ဖုန်း notifictaion ကို Lock screen ကနေကို ကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ ဒီလိုကြည့်နိုင်တာက မိမိအနေနဲ့တင်မကဘဲ ဖုန်းက Lock ဖြစ်နေတဲ့အချိန်မှာတောင်notification တွေကို လူတိုင်းက ကြည့်နိုင်မှာ ဖြစ်ပါတယ်။

လုပ်သင့်တာကတော့ မိမိအနေနဲ့ ဖုန်းမှာ password, pattern ဒါမှမဟုတ် PIN တစ်ခုခု နဲ့ လုံခြုံအောင်လုပ်ဆောင်ထား သင့်ပါတယ်။ notification တွေကို Lock Screen မှာ မပေါ်ဖို့အတွက်တော့ Settings > Notifictiaons > Cog icon > On the Lock screen > Hide sensitive notification content ကနေ ပိတ်နိုင်မှာဖြစ်ပါတယ်။

Opt Out of Personalized Ads

Google က စမတ်ဖုန်းသုံးသူ တွေအနေနဲ့ ကြုံတွေ့ရနိုင်တာတွေ ကို ကြိုတင်တွက်ဆထားပါတယ်။ Tracking စနစ်က ပုံမှန်မြင်တွေ့ နေရလေ့ရှိတဲ့ သမရိုးကျ အွန်လိုင်း Ads တွေကို မြင်တွေ့နိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ မိမိအနေနဲ့ ဒီလိုမျိုး အွန်လိုင်း Ads တွေအပေါ် သံသယမကင်းတာ မျိုးတွေ မဖြစ်ရအောင် ဒီစနစ်ကို ကိုယ်တိုင် ပိတ်ထားနိုင်အောင် ထည့်သွင်းပေးထားပါတယ်။

Settings စနစ်ထဲကနေ Google > Ads စနစ်ထဲကို သွားလိုက်ပါ။ ပြီးသွားရင်တော့ Opt out of Ads Personalization စနစ်ကို Enable လုပ်ထားလိုက်ပါ။ အဲလိုလုပ်ထားလိုက်ရင်တော့ မိမိ အွန်လိုင်းမှာရှာဖွေတဲ့အရာနဲ့ပတ်သက်ပြီး ပေါ်လာတက်တဲ့ Ads တွေများစွာက ပေါ်လာမှာမဟုတ် တော့ပါဘူး။ ဒါပေမဲ့ Android apps ကနေထောက်ပံ့ပေးတဲ့ ads တွေကိုတော့ အခါ အားလျော်စွာ မြင်တွေ့ရမှာဖြစ်ပါတယ်။

Enable Auto-Lock and Power Button Instant Lock

Android ဖုန်းတွေမှာ Screen ကို ဖုန်းအသုံးပြုမှုမရှိတော့တဲ့အခါ မျိုးတွေမှာ အလိုအလျောက်ပိတ်အောင် ဖန်တီးပေးထားပါတယ်။ ဒီနစ်ကတော့ ဖုန်းဘက်ထရီသုံးစွဲမှုကို ချွေတာဖို့အတွက် ထည့် သွင်းပေးထားတာဖြစ်ပေမယ့် မိမိအနေနဲ့ screen timeout ကို အနိမ့်ဆုံးစက္ကန့်ထိထားပြီး သုံးသင့်သလို ပါဝါခလုတ်တစ်ချက်နှိပ် လိုက်တိုင်း ဖုန်း locks ဖြစ်သွား အောင်လည်း လုပ်ထားနိုင်ပါတယ်။

ဖုန်း Settings > Display > Sleep ကနေ အနည်းဆုံးစက္ကန့် ကိုသွားရောက်လုပ်ဆောင်နိုင်မှာ ဖြစ်သလို ဖုန်း Settings > Security > Automatically Lock > Immediately ကို ရွေးချယ်နိုင်ပါ တယ်။ Power button instantly locks ကိုလည်း အပေါ်ကအတိုင်း Security စနစ်ကနေ Enable လုပ်ထားနိုင်မှာဖြစ်ပါတယ်။

မိမိရဲ့ ဖုန်းရဲ့ Custom Android OS အရ အထက်ဖော်ပြ ပါစနစ်တွေ ဖုန်းတစ်လုံးနဲ့ တစ်လုံး မတူညီနိုင်ပါဘူး။ ဒါကြောင့် Settings ထဲက Search option ကို သုံးသင့်ပါတယ်။

Disable Doze Mode for Specific Apps

Android ဖုန်းတွေမှာ Marshmallow ကနေစပြီးတော့ ဖုန်းဘက်ထရီချွေတာနိုင်ဖို့ အတွက် ဖုန်းပိတ်ထားတဲ့အချိန် မှာ နောက်ကွယ်မှာ Run နေတဲ့ Apps တွေ sleep ဖြစ်နေအောင် လုပ်ဆောင်ပေးတဲ့ လုပ်ဆောင်ချက်ပါဝင်လာပါတယ်။ ဒီလုပ်ဆောင်အသုံးပြုပြီးတော့ မိမိအနေနဲ့ sleep လုပ်ထားချင်တဲ့ App တွေကို ရွေးချယ် ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။

Doze mode ကို Disable လုပ်ဖို့အတွက် Settings > Battery ထဲကိုဝင်လိုက်ပါ။ ပြီးရင် တော့ အစက်သုံးစက်ဆင့်ထားတဲ့ menu icon ရှာပြီး တစ်ချက်နှိပ်လိုက်ပါ။ ပေါ်လာတဲ့အကွက်ထဲ က Doze and app hibernation ဆိုတဲ့စာသားကို ရွေးပေးပါ။ ပြီးရင်တော့ မိမိအနေနဲ့ ဖုန်းပိတ် ထားချိန်မှာ နောက်ကွယ်မှာ run နေတဲ့ App တွေကို ရွေးချယ်ပိတ် ထားနိုင်မှာဖြစ်ပါတယ်။

Tweak Developer Options

Android ဖုန်းရဲ့ Developer optons က မိုဘိုင်းဖုန်း Developer တွေ ထည့်သွင်းပေးထားတာဖြစ် ပေမယ့် မိမိအနေနဲ့ သုံးတတ်မယ် ဆိုရင်တော့ ဒီစနစ်ထဲက Advanced Settings တွေက သာမန် ဖုန်းသုံး သူအတွက်လည်း အရမ်းကို အ သုံးဝင်လှပါတယ်။ ဒါကြောင့် မိမိအနေနဲ့ Developer Options ကို ဖုန်းမှာအသုံးမပြုတတ်လို့ မသုံးဖြစ်ရင်တောင်မှ On ထားပေးသင့်ပါတယ်။

Developer options ကို Android ဗားရှင်းအဟောင်းတွေမှာ ဆိုရင် တော့ Settings > About device > Build number ဆိုတဲ့စာသားကို ၆ ချက်ဆက်တိုက်နှိပ်လိုက်ရင် ပေါ်လာမှာဖြစ်ပါတယ်။ နောက် ပိုင်းဗားရှင်းတွေမှာတော့ Settings > Additional settings > Developer options > Developer options ဆိုတဲ့စာသားဘေးနားက ခလုတ်ကို နှိပ်ပြီး Enable ပြုလုပ် နိုင်မှာ ဖြစ်ပါတယ်။

Developer Options ထဲကနေ ဖုန်းရဲ့ animation scales ကို ပိုကောင်းအောင် လုပ်ထားနိုင်သလို Location နဲ့ ပတ်သက်ပြီး GPS Location ကို လည်း အတုဖန်တီးနိုင်မှာဖြစ် ပါတယ်။ USB debugging စနစ်ကို Enable လုပ်ထားမယ် ဆိုရင်တော့ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး Command ကတစ် ဆင့်ဖုန်း OS စနစ်တွေကို စစ်ဆေး ပြုပြင်ခြင်းတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း