ကိုယ်ပိုင် AI စနစ်ပါဝင်တဲ့ LeEco Le Max 3 စမတ်ဖုန်းကို ဧပြီ ၁၁ ရက်တွင် မိတ်ဆက်မည်

LeEco ဟာ ဧပြီ ၁၁ ရက်မှာကျင်းပမယ့် ပွဲအတွက် ဖိတ်စာများပေးပို့ခဲ့ပြီး ကုမ္ပဏီရဲ့ စမတ်ဖုန်းသစ်ကို AI စာတန်းနဲ့ စက်ရုပ်ပုံပါတဲ့ ဓာတ်ပုံတစ်ပုံနဲ့အတူ အမြည်းချပြခဲ့ပါတယ်။

LeEco ရဲ့ personal assistant ဟာ ဖုန်းခေါ်ဆိုခြင်းနဲ့ calendar appointment ပြုလုပ်ခြင်းစတဲ့ ရိုးရှင်းတဲ့ command တွေကို ပြုလုပ်ပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် third party app တွေနဲ့လည်း တွဲဖက်သုံးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ Le Max 3 မှာ Android 7 ကို အသုံးပြုထားတာကြောင့် Google ရဲ့ Assistant နဲ့လည်း သုံးနိုင်ပါလိမ့်မယ်။

ကောလာဟလသတင်းတွေသာ မှန်ကန်ခဲ့မယ်ဆိုရင် အသစ်ထွက်မယ့် LeEco Le Max 3 မှာ ကင်မရာနှစ်ခုပါဝင်လာမှာ ဖြစ်ပါတယ်။ အဲ့ဒီကင်မရာနှစ်ခုမှာ တစ်ခုက color sensor ဖြစ်ပြီး တစ်ခုက monochrome ဖြစ်ပါတယ်။ ဒါ့အပြင် deca-core processor နဲ့ MediaTek Helio X27 chipset ကိုလည်း တွေ့မြင်ရဖို့ရှိပါတယ်။

အသေးစိတ်အချက်အလက်ကိုတော့ ပွဲထုတ်မိတ်ဆက်မယ့် ဧပြီ ၁၁ ရက်မှာ သိရှိရမှာဖြစ်ပါတယ်။

Ref: GSMArena