July 15, 2018

ကမၻာ့ဖလားၿပိဳင္ပြဲက ေအာင္ႏုိင္သူ Apple

[ Zawgyi ]

နာမည္ေက်ာ္ ကုမၸဏီမ်ားစြာဟာ ကမၻာ့ဖလားၿပိဳင္ပြဲမွာ စပြန္ဆာေတာ္ေတာ္မ်ားမ်ား ေပးေနၾကပါတယ္။ ကမၻာ့ဖလားၿပိဳင္ပြဲေလာက္ လူၾကည့္မ်ားတဲ့ ၿပိဳင္ပြဲလည္း မရွိေသးပါဘူး။ ၂၀၁၄ ခုႏွစ္ ကမၻာ့ဖလားၿပိဳင္ပြဲကို ၾကည့္႐ႈသူ လူဦးေရ ၃ ဘီလ်ံရွိခဲ့ပါတယ္။ ေဘာလုံးၿပိဳင္ပြဲရဲ႕ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕ FIFA အေနနဲ႔ ဒီႏွစ္ ကမၻာ့ဖလားၿပိဳင္ပြဲရဲ႕ ေဈးကြက္ရွာေဖြေရးကေန ေဒၚလာ ၁.၆ ဘီလ်ံအထိရရွိဖို႔ ေမွ်ာ္မွန္းထားပါတယ္။

Apple လိုမ်ိဳးကုမၸဏီကေတာ့ ေဘာလုံးပြဲအတြင္းက ေၾကာ္ျငာဆိုင္းဘုတ္ေတြမွာ ကုမၸဏီလိုဂိုကုိ ထည့္သြင္း ေၾကာ္ျငာမယ့္အစား ကြဲျပားတဲ့ ေဈးကြက္ရွာေဖြေရးနည္းလမ္းကို အသုံးျပဳခဲ့ပါတယ္။ Apple အေနနဲ႔ ရည္ရြယ္ရင္းမရွိဘဲ အသုံးျပဳမိတာ ျဖစ္ႏိုင္ပါတယ္။

ကမၻာ့ေပၚက ေဘာလုံးအားကစားသမားေတြဟာ Apple ရဲ႕ AirPods ႀကိဳးမဲ့နားၾကပ္ေတြနဲ႔ Beat နားၾကပ္ေတြ ဝတ္ဆင္ခဲ့တာကို ျမင္ေတြ႕ရပါတယ္။ ပြဲမစခင္၊ ေလယာဥ္နဲ႔ ဆိုက္ေရာက္လာတဲ့အခါ ဒါမွမဟုတ္ ၿပိဳင္ပြဲက ထြက္ခြာၿပီး ေနရပ္ဆီ ျပန္တဲ့အခါမွာ ေဘာလုံးအားကစားသမားေတြဟာ AirPods ေတြကို ဝတ္ဆင္ထားပါတယ္။

FIFA က “ambush marketing” လို႔ေခၚတဲ့ နည္းလမ္းနဲ႔ပတ္သက္ၿပီး အလြန္တင္းက်ပ္တဲ့ စည္းမ်ဥ္းထုတ္ျပန္ခဲ့ပါတယ္။ Ambush marketing ဟာ အမွတ္တံဆိပ္တစ္ခုက တရားဝင္ ကမၻာ့ဖလားစပြန္ဆာ မဟုတ္ေပမယ့္ သူတို႔ရဲ႕ ထုတ္ကုန္ေတြကို ကမၻာ့ဖလားၿပိဳင္ပြဲမတိုင္မီ ဒါမွမဟုတ္ ၿပိဳင္ပြဲအတြင္း ဝတ္ဆင္အသုံးျပဳဖို႔ ကစားသမားေတြကို ေငြေၾကးေပးတဲ့ နည္းလမ္းျဖစ္ပါတယ္။ ဒါေၾကာင့္ FIFA စည္းမ်ဥ္းကိုလိုက္နာဖို႔ ကမၻာ့ဖလားမွာ Betas နားၾကပ္ကုိ အသုံးျပဳတဲ့သူေတြက လိုဂိုအမွတ္တံဆိပ္ကို တိပ္နဲ႔ ကပ္ထားၾကပါတယ္။

ဒါေပမဲ့ Beats နဲ႔ AirPods ထုတ္ကုန္ႏွစ္ခုစလုံးဟာ ကြဲျပားျခားနားတဲ့ ဒီဇိုင္းရွိတဲ့အတြက္ အမွတ္တံဆိပ္ကုိ ဖုံးကြယ္ထားတာေတာင္ ကြယ္ေဖ်ာက္ဖို႔ ခက္ပါတယ္။ Apple ဟာ Beats ကိုဝယ္ယူၿပီး လအနည္းငယ္အၾကာ ၂၀၁၄ ခုႏွစ္ ကမၻာ့ဖလားၿပိဳင္ပြဲမွာ Beats နားၾကပ္ အမွတ္တံဆိပ္နဲ႔အတူ ေဈးကြက္ရွာေဖြေရးမွာ အႀကီးအက်ယ္ အႏိုင္ရခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ AirPods နဲ႔ပတ္သက္တဲ့ကိစၥဟာ ပိုသိမ္ေမြ႕ပါတယ္။ ေဒၚလာ ၁၆၀ တန္ဖိုးရွိတဲ့ AirPods နားၾကပ္ေတြဟာ Apple အမွတ္တံဆိပ္မပါဝင္တဲ့ ကုမၸဏီရဲ႕ ထုတ္ကုန္အနည္းငယ္ထဲက တစ္ခုျဖစ္ပါတယ္။ ဒါေပမဲ့ Apple ရဲ႕ AirPods ကို အျခားထုတ္ကုန္နဲ႔ မွားဖို႔ မျဖစ္ႏိုင္တဲ့ ဒီဇိုင္းနဲ႔ ဖန္တီးထားပါတယ္။

Apple ရဲ႕နားၾကပ္ေရာင္းခ်မႈက အလြန္အားမေကာင္းခဲ့ေပမယ့္ အျခားထုတ္ကုန္ေတြလုိ႔ စာရင္းသြင္းထားတဲ့ ထုတ္ကုန္ေတြရဲ႕ ေရာင္းအားက အလြန္တိုးတက္လာပါတယ္။ အဲဒီထုတ္ကုန္စာရင္းမွာ Apple Watch, iPod နဲ႔ အျခားတြဲဖက္ပစၥည္းေတြ ပါဝင္လာပါတယ္။ AirPods ဟာ ၂၀၁၆ ခုႏွစ္ေႏွာင္းပုိင္းမွာ ပထမဆုံးထြက္ရွိၿပီးေနာက္ ေအာင္ျမင္မႈရရွိထားပါတယ္။

Apple အေနနဲ႔ ၂၀၁၈ ခုႏွစ္ ကမၻာ့ဖလားမွာ ဘယ္ကစားသမားေတြနဲ႔ လက္တြဲလုပ္ကုိင္ေနသလဲဆုိတဲ့အေပၚ မွတ္ခ်က္ျပဳခဲ့ျခင္း မရွိပါဘူး။ ဒါေပမဲ့လည္း Beat နားၾကပ္ေတြ ေဈးကြက္ရွာေဖြတဲ့အခ်ိန္တုန္းက လက္တြဲလုပ္ကုိင္ခဲ့တဲ့ ေဘာလုံးသမားေတြနဲ႔ပဲ ဆက္လက္ လက္တြဲလုပ္ကုိင္ေနဖြယ္ရွိပါတယ္။ ဒါ့အျပင္ Apple အေနနဲ႔ ကမၻာ့ဖလားၿပိဳင္ပြဲအတြင္း “iPhone X နဲ႔ေဘာလုံးကုိ ဘယ္လို႐ိုက္ကူးမလဲ” လို႔အမည္ရတဲ့ ေၾကာ္ျငာအစီအစဥ္ တစ္ခုကုိလည္း လုုပ္ကိုင္ေနပါတယ္။

ဒီႏွစ္ကမၻာ့ဖလားၿပိဳင္ပြဲမွာ Apple ထုတ္ကုန္ေတြ ဝတ္ဆင္အသုံးျပဳေနတဲ့ ကစားသမားေတြက ေအာက္ပါအတိုင္းျဖစ္ပါတယ္။

မကၠဆီကုိ ဂိုးသမား ဂီလာမိုအိုခ်ိဳအာ AirPods ကိုဝတ္ဆင္ၿပီး ကမၻာ့ဖလားၿပိဳင္ပြဲက်င္းပရာ ႐ုရွားႏိုင္ငံသုိ႔ ေရာက္ရွိလာခဲ့ပံုပါ။

1

မကၠဆီကုိ တိုက္စစ္မွဴး ဂ်ာဗီးယားဟာနန္ဒက္ဇ္လည္း AirPods ကိုဝတ္ဆင္ထားပါတယ္။

2

ဂ်ာမနီကြင္းလယ္သူ ဂ်ဴလီယန္ဒရက္ဇ္လာလည္း Apple နားၾကပ္ေတြကိုဝတ္ဆင္ၿပီး ေလယာဥ္ေပၚက ဆင္းလာပံုပါ။

3

ဘယ္လ္ဂ်ီယမ္တိုက္စစ္မွဴး ႐ိုမီလူလူကာကူကေတာ့ အမွတ္တံဆိပ္ေတြကို တိပ္နဲ႔ကပ္ထားတဲ့ Beats ကုိ ပိုမုိ ႏွစ္သက္ပါတယ္။

4

အဂၤလန္ကြင္းလယ္လူ ဂ်က္ဆီလင္းဂတ္ဟာ ဆီမီးဖိုင္နယ္ပြဲမတိုင္မီ AirPods ဝတ္ဆင္ၿပီး ေလ့က်င့္ေရးကြင္းကုိ ေရာက္ရွိလာပါတယ္။

5

အသင္းေဖာ္ေတြျဖစ္တဲ့ ကုိင္လ္ေဝၚကာနဲ႔ ဒန္နီဝဲလ္ဘတ္တို႔လည္း AirPods ကုိဝတ္ဆင္ထားပါတယ္။

6

အသင္းေဖာ္ေနာက္တစ္ဦးျဖစ္တဲ့ မားကပ္စ္ရက္ရွ္ဖို႔ဒ္ကေတာ့ Beats ကုိဝတ္ဆင္ထားပါတယ္။

7

အာဂ်င္တီးနား ေဘာလုံးတစ္သင္းလုံးနီးပါးကေတာ့ Beats နဲ႔ AirPods ကုိအသုံးျပဳၾကေပမယ့္ ကမၻာ့အႀကီးက်ယ္ဆုံးကစားသမား ျဖစ္တဲ့ လီယြန္နယ္မက္ဆီကေတာ့ ဘာနားၾကပ္မွ မတပ္ဆင္ထားပါဘူး။

8

အလားတူပဲ ေပၚတူဂီက ခရစၥတီယာႏိုေရာ္နယ္ဒိုက နားကပ္ပဲ ဝတ္ဆင္ထားေပမယ့္ ႐ုရွားကို ေရာက္လာစဥ္မွာ သူ႔ရဲ႕အသင္းေဖာ္တခ်ိဳ႕ကေတာ့ AirPods ကိုဝတ္ဆင္ထားပါတယ္။

9

ကမၻာ့ဖလားမွာ ေျခစြမ္းပုိင္းအရ ႐ုန္းကန္ခဲ့ရတဲ့ ဘရာဇီးၾကယ္ပြင့္ ေနမာကလည္း ေနရပ္ကုိ ျပန္လာဖို႔ ျပင္ဆင္ေနခ်ိန္မွာ AirPods ကို ဝတ္ဆင္ထားခဲ့ပါတယ္။

10

ေနမာရဲ႕ အသင္းေဖာ္ျဖစ္သူ ဝီလ်ံကေတာ့ Apple ရဲ႕သမား႐ိုးက် နားၾကပ္ကုိ တပ္ဆင္ထားပါတယ္။

11

စိုးထက္
Ref: Quartz

[ Unicode ]

နာမည်ကျော် ကုမ္ပဏီများစွာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပွန်ဆာတော်တော်များများ ပေးနေကြပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲလောက် လူကြည့်များတဲ့ ပြိုင်ပွဲလည်း မရှိသေးပါဘူး။ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုသူ လူဦးရေ ၃ ဘီလျံရှိခဲ့ပါတယ်။ ဘောလုံးပြိုင်ပွဲရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ FIFA အနေနဲ့ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဈေးကွက်ရှာဖွေရေးကနေ ဒေါ်လာ ၁.၆ ဘီလျံအထိရရှိဖို့ မျှော်မှန်းထားပါတယ်။

Apple လိုမျိုးကုမ္ပဏီကတော့ ဘောလုံးပွဲအတွင်းက ကြော်ငြာဆိုင်းဘုတ်တွေမှာ ကုမ္ပဏီလိုဂိုကို ထည့်သွင်း ကြော်ငြာမယ့်အစား ကွဲပြားတဲ့ ဈေးကွက်ရှာဖွေရေးနည်းလမ်းကို အသုံးပြုခဲ့ပါတယ်။ Apple အနေနဲ့ ရည်ရွယ်ရင်းမရှိဘဲ အသုံးပြုမိတာ ဖြစ်နိုင်ပါတယ်။

ကမ္ဘာ့ပေါ်က ဘောလုံးအားကစားသမားတွေဟာ Apple ရဲ့ AirPods ကြိုးမဲ့နားကြပ်တွေနဲ့ Beat နားကြပ်တွေ ဝတ်ဆင်ခဲ့တာကို မြင်တွေ့ရပါတယ်။ ပွဲမစခင်၊ လေယာဉ်နဲ့ ဆိုက်ရောက်လာတဲ့အခါ ဒါမှမဟုတ် ပြိုင်ပွဲက ထွက်ခွာပြီး နေရပ်ဆီ ပြန်တဲ့အခါမှာ ဘောလုံးအားကစားသမားတွေဟာ AirPods တွေကို ဝတ်ဆင်ထားပါတယ်။

FIFA က “ambush marketing” လို့ခေါ်တဲ့ နည်းလမ်းနဲ့ပတ်သက်ပြီး အလွန်တင်းကျပ်တဲ့ စည်းမျဉ်းထုတ်ပြန်ခဲ့ပါတယ်။ Ambush marketing ဟာ အမှတ်တံဆိပ်တစ်ခုက တရားဝင် ကမ္ဘာ့ဖလားစပွန်ဆာ မဟုတ်ပေမယ့် သူတို့ရဲ့ ထုတ်ကုန်တွေကို ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ဒါမှမဟုတ် ပြိုင်ပွဲအတွင်း ဝတ်ဆင်အသုံးပြုဖို့ ကစားသမားတွေကို ငွေကြေးပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် FIFA စည်းမျဉ်းကိုလိုက်နာဖို့ ကမ္ဘာ့ဖလားမှာ Betas နားကြပ်ကို အသုံးပြုတဲ့သူတွေက လိုဂိုအမှတ်တံဆိပ်ကို တိပ်နဲ့ ကပ်ထားကြပါတယ်။

ဒါပေမဲ့ Beats နဲ့ AirPods ထုတ်ကုန်နှစ်ခုစလုံးဟာ ကွဲပြားခြားနားတဲ့ ဒီဇိုင်းရှိတဲ့အတွက် အမှတ်တံဆိပ်ကို ဖုံးကွယ်ထားတာတောင် ကွယ်ဖျောက်ဖို့ ခက်ပါတယ်။ Apple ဟာ Beats ကိုဝယ်ယူပြီး လအနည်းငယ်အကြာ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ Beats နားကြပ် အမှတ်တံဆိပ်နဲ့အတူ ဈေးကွက်ရှာဖွေရေးမှာ အကြီးအကျယ် အနိုင်ရခဲ့ပါတယ်။ အခုအချိန်မှာတော့ AirPods နဲ့ပတ်သက်တဲ့ကိစ္စဟာ ပိုသိမ်မွေ့ပါတယ်။ ဒေါ်လာ ၁၆၀ တန်ဖိုးရှိတဲ့ AirPods နားကြပ်တွေဟာ Apple အမှတ်တံဆိပ်မပါဝင်တဲ့ ကုမ္ပဏီရဲ့ ထုတ်ကုန်အနည်းငယ်ထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ Apple ရဲ့ AirPods ကို အခြားထုတ်ကုန်နဲ့ မှားဖို့ မဖြစ်နိုင်တဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားပါတယ်။

Apple ရဲ့နားကြပ်ရောင်းချမှုက အလွန်အားမကောင်းခဲ့ပေမယ့် အခြားထုတ်ကုန်တွေလို့ စာရင်းသွင်းထားတဲ့ ထုတ်ကုန်တွေရဲ့ ရောင်းအားက အလွန်တိုးတက်လာပါတယ်။ အဲဒီထုတ်ကုန်စာရင်းမှာ Apple Watch, iPod နဲ့ အခြားတွဲဖက်ပစ္စည်းတွေ ပါဝင်လာပါတယ်။ AirPods ဟာ ၂၀၁၆ ခုနှစ်နှောင်းပိုင်းမှာ ပထမဆုံးထွက်ရှိပြီးနောက် အောင်မြင်မှုရရှိထားပါတယ်။

Apple အနေနဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားမှာ ဘယ်ကစားသမားတွေနဲ့ လက်တွဲလုပ်ကိုင်နေသလဲဆိုတဲ့အပေါ် မှတ်ချက်ပြုခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့လည်း Beat နားကြပ်တွေ ဈေးကွက်ရှာဖွေတဲ့အချိန်တုန်းက လက်တွဲလုပ်ကိုင်ခဲ့တဲ့ ဘောလုံးသမားတွေနဲ့ပဲ ဆက်လက် လက်တွဲလုပ်ကိုင်နေဖွယ်ရှိပါတယ်။ ဒါ့အပြင် Apple အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း “iPhone X နဲ့ဘောလုံးကို ဘယ်လိုရိုက်ကူးမလဲ” လို့အမည်ရတဲ့ ကြော်ငြာအစီအစဉ် တစ်ခုကိုလည်း လုုပ်ကိုင်နေပါတယ်။

ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ Apple ထုတ်ကုန်တွေ ဝတ်ဆင်အသုံးပြုနေတဲ့ ကစားသမားတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

မက္ကဆီကို ဂိုးသမား ဂီလာမိုအိုချိုအာ AirPods ကိုဝတ်ဆင်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရာ ရုရှားနိုင်ငံသို့ ရောက်ရှိလာခဲ့ပုံပါ။

မက္ကဆီကို တိုက်စစ်မှူး ဂျာဗီးယားဟာနန်ဒက်ဇ်လည်း AirPods ကိုဝတ်ဆင်ထားပါတယ်။

ဂျာမနီကွင်းလယ်သူ ဂျူလီယန်ဒရက်ဇ်လာလည်း Apple နားကြပ်တွေကိုဝတ်ဆင်ပြီး လေယာဉ်ပေါ်က ဆင်းလာပုံပါ။

ဘယ်လ်ဂျီယမ်တိုက်စစ်မှူး ရိုမီလူလူကာကူကတော့ အမှတ်တံဆိပ်တွေကို တိပ်နဲ့ကပ်ထားတဲ့ Beats ကို ပိုမို နှစ်သက်ပါတယ်။

အင်္ဂလန်ကွင်းလယ်လူ ဂျက်ဆီလင်းဂတ်ဟာ ဆီမီးဖိုင်နယ်ပွဲမတိုင်မီ AirPods ဝတ်ဆင်ပြီး လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာပါတယ်။

အသင်းဖော်တွေဖြစ်တဲ့ ကိုင်လ်ဝေါ်ကာနဲ့ ဒန်နီဝဲလ်ဘတ်တို့လည်း AirPods ကိုဝတ်ဆင်ထားပါတယ်။

အသင်းဖော်နောက်တစ်ဦးဖြစ်တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ကတော့ Beats ကိုဝတ်ဆင်ထားပါတယ်။

အာဂျင်တီးနား ဘောလုံးတစ်သင်းလုံးနီးပါးကတော့ Beats နဲ့ AirPods ကိုအသုံးပြုကြပေမယ့် ကမ္ဘာ့အကြီးကျယ်ဆုံးကစားသမား ဖြစ်တဲ့ လီယွန်နယ်မက်ဆီကတော့ ဘာနားကြပ်မှ မတပ်ဆင်ထားပါဘူး။

အလားတူပဲ ပေါ်တူဂီက ခရစ္စတီယာနိုရော်နယ်ဒိုက နားကပ်ပဲ ဝတ်ဆင်ထားပေမယ့် ရုရှားကို ရောက်လာစဉ်မှာ သူ့ရဲ့အသင်းဖော်တချို့ကတော့ AirPods ကိုဝတ်ဆင်ထားပါတယ်။

ကမ္ဘာ့ဖလားမှာ ခြေစွမ်းပိုင်းအရ ရုန်းကန်ခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့် နေမာကလည်း နေရပ်ကို ပြန်လာဖို့ ပြင်ဆင်နေချိန်မှာ AirPods ကို ဝတ်ဆင်ထားခဲ့ပါတယ်။

နေမာရဲ့ အသင်းဖော်ဖြစ်သူ ဝီလျံကတော့ Apple ရဲ့သမားရိုးကျ နားကြပ်ကို တပ်ဆင်ထားပါတယ်။

စိုးထက်
Ref: Quartz