September 24, 2017

ကမ္ဘာ့တတိယအကျော်ကြားဆုံး operating system အဖြစ် ဆက်လက်ရပ်တည်နေတဲ့ Windows XP

Windows XP ရဲ့ အားနည်းချက်ကို အသုံးချပြီး ကမ္ဘာတစ်ဝန်းပျံ့နှံ့ခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ပေမယ့်လည်း Windows XP က ကမ္ဘာ့တတိယ လူသုံးအများဆုံး operating system အဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
Microsoft ဟာ Windows XP အတွက် security support ထောက်ပံ့မှုကို ၂၀၁၄ ခုနှစ် ဧပြီ ၈ ရက်ကတည်းက ရပ်ဆိုင်းခဲ့ပေမယ့်လည်း ဒီ opereating system ကို ကမ္ဘာတစ်ဝန်းက ကွန်ပျူတာအများအပြားပေါ်မှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။

Net Applications က ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းအချက်အလက်များအရ Windows XP ဟာ ဈေးကွက်ရှယ်ယာ ၇.၀၄ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့တတိယအကျော်ကြားဆုံး operating system အဖြစ် ရပ်တည်နေတယ်လို့ သိရပါတယ်။

ဒါဟာ Microsoft ဆီကနေ အထောက်အပံ့မရရှိတော့တဲ့ သက်တမ်းရင့် operating system က Windows 8, Mac OS X နဲ့ Linux တို့ထက် နာမည်ပိုမိုကျော်ကြားနေဆဲဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

Windows 7 နဲ့ Windows 10 က XP ထက် နာမည်ပိုမိုကျော်ကြားပြီး ဈေးကွက်ရှယ်ယာ ၄၉ ရာခိုင်နှုန်းနဲ့ ၂၆ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ထားပါတယ်။

Net Applications က ထုတ်ပြန်ခဲ့တဲ့ နာမည်အကျော်ကြားဆုံး ထိပ်တန်း operating system ငါးခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Windows 7: 48.5%
Windows 10: 26.28%
Windows XP: 7.04%
Windows 8.1: 6.96%
Mac OS X 10.12: 3.21%

Ref: BusinessInsider